Android နဲ့ပတ်သက်တာလေးတွေပါ
ဆောင်ထားသင့်တဲ့ စာအုပ်လေးတွေဆိုလဲမမှားပါဘူး
Android application ရေးသားနည်း
https://db.tt/zyIrutm9
Android User Guide
https://db.tt/obDafjsI
Android ဖုန်းများအား Firmware တင်နည်း
https://db.tt/ujbS6rjK
Samsung နှင့် iPhone များ Firmware တင်နည်းစုစည်းမှု
https://db.tt/Nze0dclx
Sony xperia sola လေးfirmware တင်နည်း
https://db.tt/6WucYRGT
Samsung Galaxy DUOS Firmware တင်နည်း
https://db.tt/JMzBcg9M
သက်ဆိုင်သူများအားလုံးကို Credit ပေးပါတယ်
ပြန်လည်မျှဝေခြင်းသက်သက်ပါ KoThaw
ကျနော်လည်း သက်ဆိုင်သူအားလုံးကို Credit ပေးပါတယ်။
Tuesday, October 28, 2014
Monday, October 27, 2014
Screen Shot Apk လေးပါ
Screen shop အမြဲ ရိုက် နေသူတွေ အတွက်ခလုတ်လေးတွေ မနာအောင် ဆောင်ထားသင့် တဲ့ဆော့ဝဲလ် လေးပါ >>>>ဒီမှာဒေါင်းပါ<<<<
အထူးသဖြင့် Samsung တွေက home ခလုတ်တွေ ပိုနာတတ်ပါတယ်။

Sunday, October 26, 2014
Share app Apk!!
Zapya တို့ Xender တို့ မရှိတဲ့အချိန်မှာ Huawei တွေလို app ကို bluetooth ကနေမပို့ နိုင်ကြတဲ့ ဖုန်းတွေအတွက် app ကို bluetooth ကနေ ပို့ပေးနိုင်မယ့် apk လေးပါ။
Samsungတို့ sony တို့ အပြင် တခြားဖုန်းတွေလည်း အသုံးဝင်မှာပါ။
>>>>ဒီမှာဒေါင်းပါ<<<<

Saturday, October 25, 2014
Face Changer Apk
သူငယ်ချင်းတွေ တစ်ယောက်နဲ့ တစ်ယောက် ပြောင်လို့ ရတဲ့ Apk လေးပါ အလစ်မှာ ဓာတ်ပုံ ခိုးရိုက်ပီး စလို့ရတာပေါ့ ပျော်စရာကောင်းတယ်ဗျ
သူ့ကိုနှိပ်လိုက်ပါ>>>အနော့်ကိုနှိပ်ပါခင်ည

ထိပ်ဆုံးသို့
တစ်တောင်ပေါ် တစ်တောင်ဆင့်၊ တောင်အမြင့် ပတ်ခြံရံ၊ တစ်တောင်ဆုံးပြန်တော့၊ တစ်လုံးကျန်ပြန်ပေသမို့၊ ဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊ ကြိုးလျှောက်ရပြန်၊ ခါတစ်လေ တကယ်ပန်းတာကြောင့်၊ တော်ပါပြီ ဆက်မလှမ်းချင်ဘု၊ ရပ်တန်းက ရပ်မယ်ကြံ၊ အမှန်တော့ ဖြစ်နိုင်ပါ့မလား၊ စခဲ့မိဟာပေါ့၊ တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊ အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊ စိတ်နွမ်းအသာဖြေဦး၊ မာလာငွေ ကန်ရေအေးရယ်နှင့်၊ ငှက်တေးကို အာရုံဆင်လို့၊ မူတသွင် အားအင်သစ်လိုက်ပါ့၊ ချစ်ဖွယ့်လူသား ။ ။
Posted by Mr.hlaingbwar
ကျနော့်သူငယ်ချင်းဆီကပါ ကြိုက်လို့
Posted by Mr.hlaingbwar
ကျနော့်သူငယ်ချင်းဆီကပါ ကြိုက်လို့
Factory data reset လုပ်ရမည့် အခြေအနေများ
ဒါလေးကတော့ Phone တွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပြသနာတော်တော် များများကို ဖြေရှင်းပေးနိုင်ပါတယ် သိပီးသား ဆရာများကျော်သွားပါ ခင်ဗျာ မသိသေးတဲ့ သူတွေအတွက်ပါ။
၁။စက်က လေးလံ နှေးကွေးနေခြင်း
၂။Touch ကြောင်နေခြင်း၊အလုပ်မလုပ်ခြင်း
၃။ဖုန်းခေါ်စဉ် မီးမှိတ်ပီး ပြန်လင်းမလာခြင်း
၎။လက်ကမြင်းလွန်ပီး နဂိုပါ sotfware ပျက်သွားခြင်း
၅။အားအကုန်မြန်ခြင်း
၆။Camera,gallery များအလုပ်မလုပ်ခြင်း
၇။Restart ခန ခနကျခြင်း စသည့်အကြောင်းအရာ အမျိုး၂ကို ဆိုင်သို့ ပို့စရာမလိုဘဲ Reset ချခြင်းဖြင့်ကိုယ်တိုင်ဖြေရှင်းနိုင်ပါတယ်။
သတိပြုရန်။ ။Reset ချခြင်း ကြောင့် phone internal မှ Data အချက်အလက်များ ပျက်စီးနိုင်ပါတယ် Backup အရင်ပြုလုပ်ထားပါ။
Reset ပြုလုပ်လို့မှမရရင်တော့ Firmware ရေးခြင်း Hardwareပိုင်း ပြုလုပ်ခြင်းတို့ဖြင့် သာပြုလုပ်လို့ ရတော့မှာဖြစ်ပါတယ်။ကျနော် အတွေ့ကြုံလေး တွေကို ပြောပြတာပါ အမှားပါရင် ခွှင့်လွတ်ပါ ခင်ဗျာ။။။။
Factory data reset ပြုလုပ်ရန်
Android version >>2.3.6
>>Setting>>Privacy>>Factory data reset
Android version>>4.0.4
>>Setting>>Backup & reset>>Factory data reset
Android version>>4.1.1 & up
>>Setting>>All>>backup & reset>>Factory data reset
Friday, October 24, 2014
Are U ugly??apk
မင်းရုပ်ဆိုးလားတဲ့
Apk လေးနာမည်က ကိုယ့်ကို ကိုရုပ်ဆိုးလား ရုပ်ချောလား တိုင်းတာပေးမှာနော် Camera လေးချောအောင်ရိုက်ပီး တိုင်းတာကြပေတော့
ကဲစိတ်ဝင်စားရင်ဖြင့်
ဒီမှာဒေါင်း>>>R u Ugly apk!! အော်ပြောရအုံးမယ် မဒေါင်းတဲ့သူ က< ရုပ်ဆိုး>လို့ ဟီဟိ

အရမ်းလန်း အရမ်းမိုက်တဲ့ဂိမ်းလေးပါ
Wipe out တဲ့ ဂိမ်းနာမည်က ရေပေါ်မှာ ဖော့တုံးပုံစံ စတိုင်အမျိုးမျိုး ထားပီး ခုန်ပျံကျော်လွားရတဲ့ ဂိမ်းလေးပါ အရမ်းဆော့လို့ကောင်းပါတယ် 3D ပုံစံလေးပါ ပင်ပင်ပန်းပန်း နဲ upload လုပ်ပေးထားတာပါ ဒေါင်းပီးယူဆော့စေချင်ပါတယ်
ဒီမှာဒေါင်းပါ>>>Wipe Out apk!!
ဒီမှာဒေါင်းပါ>>>Wipe Out apk!!
Facebook အကောင့်အား ၁၀မီနစ်ထဲဖြင့် ဖုန်းမှအလွယ်ဖွင့်နည်း
အရမ်းလွယ်ပီး အရမ်းမြန်မယ့် နည်းလမ်းလေးပါ။
ဘာVPN မှလည်းမလိုပါဘူး တခြားemail တွေလည်းမလ်ုပါဘူး gmail.account.နဲ့ပါဘဲ ခင်ဗျ။
အရင်ဆုံး gmail အကောင့်သစ်တခု ဖွင့်ပါမယ်၊
gmail ဖွင့်ဖို့ အတွက် Next bower လေးလိုပါတယ် ဒီမှာဒေါင်းပါ>>>>https://db.tt/T2p6Hvpw
ပီးရင် Next browser လေးကိုဖွင့်ပါ search box မှာ gmail.com လို့ရှာပါ ပီးရင် အပေါ်ဆုံးက လိပ်စာထဲ ကိုဝင်ပါ။gmail ထဲကိုရောက်သွားပါပီ singn in မလုပ်ဘဲ အောက်ကယcreat account ကိုနှိပ်ပါ အကောင့်သစ်ဖွင့်ဖို့အတွက် ဖြည့်ရမယ့် အကွက်တွေပေါ်လာပါပြီး အရင်ဆုံး Name ပေးပါမယ် ကိုကြိုက်ရာ နာမည်ပေး ဒါပေမယ့် orchid တို့ appleတို့ အင်္ဂလိပ်ဘာသာစကားရှိရာတွေမပေးရပါ fake name ထင်သွားမှာဆိုးလို့ တခြား အဓိပ္ပာယ် မသက်ရောက်မယ့် name တွေပေးပါ။zawzaw တို့ michael တို့ ပီးရင် ကိုကြိုက်တဲ့လိပ်စာထည့်ပါ ကိုယ်ထည့်ထားတဲ့ဟာက ရှိပီးသားဆိုပီး သူပေးတာကိုသာ ရွေးလိုက်ပါ ပိုမြန်ပါတယ်။ပီးရင် Password,Birthday,Phone number,အကုန်လုံးဖြည့်ပါ ပီးရင်တော့ googleကပြောတဲ့ policy တွေကို သဘောတူပါတယ်ဆိုတဲ့ စာကြောင်းလေးကို အမှခြစ်ပေးလိုက်ပါ ပီးရင်တော့NEXT ပေါ့ဗျာ ရပါပီ။
Facebook အကောင့်ဆက်ဖွင့်ဖို့အတွက် UC brower လေးကို ဒီမှာဒေါင်းပါ>>>>https://db.tt/fnTGEKuC
စောနား Gmailဖွင့်ပီးတဲ့အခါမှာ home key နှိပ်ထွက်ပါပီးရင် UC browerလေးကိုဖွင့်ပါ Fဆိုပီး facebook ပုံလေးကိုနှိပ်ဖွင့်ပါ creat new account ကိုနှိပ်ဖွင့်ပါ name ဖြည့်ပါ စော၂က gmail မှာ ပေးသလို fake name မဖြစ်အောင်ပေးပါ၊Gmail လိပ်စာထည့်ပါ gender ရွေးပေးပါ၊birthdayထည့်ပါ passwordထည့်ပါ ပီရင် sign up နှိပ်ပါ ရပါပြီ comfirm code ပါလိ့်မ်မယ် home key ကိုကြာ၂ဖိပီး စောန next browser ထဲကိုဝင်ပါ facebook က ပို့ထားတဲ့ code no တွေမှတ်ပီး UC brower ကိုပြန်သွားပီး code ထည့်ပေးလိုက်ပါ ရပါပြီ facebook အကောင့်သစ်တခု ရပါပီ နေရပ် လိပ်စာတွေရွေးပေးလိုက်ပါ ပီးရင် save သူငယ်ချင်းအပ်ခိုင်းလိမ့်မယ် skip ပါ ပီးမှသူငယ်ချင်းလေး၅ယောက်လောက်နဲ့ သတင်းဂျာနယ်လေး တွေ Add ပါ ရပါပီ အောက်မှာ logout လုပ်ပေးပါ။ပီးရင် စောနက gmail ကိုလဲ lougout လုပ်ပေးပါ။ပီးရင်တော့ phone setting.ထဲက app manager မှာ browser တွေကို clear data လုပ်ပေးလိုက်ပါ။ပီးရင်တော့ယfacebook apk ထဲကို အကောင့်သစ်လေး ထည့်သုံးနိုင်ပါပီခင်ညာ ။ဒန့်ဒန်ဒန့်

Text Smiley apk
အဟောင်းလေးပါ လိုအပ်မယ်ထင်လို့ ရှာတင်ထားတာပါ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးပါ ခင်ည။
Message ထဲကနေ သူငယ်ချင်းတွေ ဆီ မွေးနေ့ပုံလေးတွေပုံမယ် ဒါမှမဟုတ် ချစ်သူဆီ အသဲပုံလေးတွေ ပို့မယ် ဆိုရင်တော့ အသုံးဝင်ပါလိမ့်မယ်။ဒီမှာဒေါင်းပါ>>>>https://db.tt/VSjewjGB

Thursday, October 23, 2014
ဒီ Blog လေးအား ပြုလုပ်ရခြင်း ရည်ရွယ်ချက်
ဒီဘလော့Apk လေးကို ပြုလုပ်ရခြင်းရည် ရွယ်ချက်လေးကတော့ အဓိက ကတော့ အဝေးက ကျနော့် သူငယိချင်းလေးတွေ အတွက်ပါ proffesional မဟုတ်ပါဘူး အပျော်ပါ။အများကြီးမသိပါဘူး သိသလောက်လေးကိုဘဲ ဝါသနာပါလို့ မျှဝေတာပါ။တခြားသူငယ် ချင်းတွေလဲ ကျနော့်blog လေးကို တွေ့မိပါက သိပီးသားဆရာတွေကတော့ ကျော်သွားပါဗျာ။မလှောင်ကြပါနဲ့။ခုမှ a.b.c တွေအတွက်လေးပါဘဲ။ကျေးဇူးတင်ပါတယ် ခင်ည။
Root မလုပ်ခင်သတိထားသင့်သောအရာ
သူငယ်ချင်းတို့ အနေနဲ့ One click root toolတွေဖြင့်root ပြုလုပ်ခြင်း changerတွေ့ဖြင့်မြန်မာစာ သွင်းခြင်းတို့ မပြုလုပ်ခင်မှာ ဒါလေးတွေကို ဂရုစိုက်ပီးပြုလုပ်ပေးပါ။
၁။Battery အားကို ၅၀% အနည်းဆုံးထားပါ။
၂။Sim card /memory card တွေဖြုတ်ထားပါ။အားမရှိရင် firmware ကျသွားနိုင်ပါတယ် sim card ထည့်ပီး ပြုလုပ်မိရင် ဖုန်းတိုင်းမဟုတ်ပေမယ့် တချို့ဖုန်းတွေ line မတတ်တာမျိုးတွေထိ ဖြစ်တတ်ပါတယ်။ ဒါလေးပါဘဲ ဂရုစိုက်ဖို့ ပြောတာပါ။တချို့ဖုန်းတွေမှာ မလိုအပ်ပေမယ့် တချို့ဖုန်းတွေကတော့ မရပါဘူး။ကျေးဇူး တင်ပါတယ် ခင်ည။

Wednesday, October 22, 2014
Root master apk!!
ဖုန်းထဲမှာတင် Version 4.4.2 ထိ root နိင်မည့်ဆိုတဲ့ root master apk.လေး ပါ ဒီမှာဒေါင်းပါ ခင်ညာhttps://db.tt/oU7VHk9R
Next browser လေးပါ
အရမ်းသုံးလို့ကောင်းပါတယ် ကျနော်တော့ ကြိုက်တယ် download ဆွဲရင်လဲ resume ရပါတယ် ခင်ဗျာ ဒီမှာဒေါင်းပါ
https://db.tt/T2p6Hvpw
https://db.tt/T2p6Hvpw
Android phone တွေကို pattern lock ဖြည်နည်းလေးပါ
ကျနော် သိသလောက် တတ်သလောက်လေးကို ပြန်လည်မျှဝေတာပါ။သိပီးသားသူများ ကျော်သွားပါ ခင်ဗျာ။
Android phone အတော်များများမှာ pattern lock,pin lock တွေချပီး မေ့သွားပီဆိုရင်တော့ lock ဖြည်နည်းနှစ်နည်း ရှိပါတယ်။၁။ကွန်ပြူတာနှင့်ဖြည်နည်းပါ။၂။Recovery mode မှ ကွန်ပြူတာမလိုဘဲ ဖြည်နည်းပါ သူကတော့ သင့်ရဲ့ phone ထဲမှ အချက်လက်တွေပျက်စီးသွားနိုင်ပါတယ်။ခုပြောပြမှာတော့ နံပါတ်၂ အတွက် recovery mode မှဝင်ရောက်ဖြည်နည်းပါ။ Recovery mode ဝင်ရန်အတွက်
huawei phone အတော်များများကို တော့ vol+ power ကိပြိုင်တူဖိထားပါ 10စက္ကန့်လောက်ကြာအောင်ပါ ပီးရင်တော့ စက်ရုပ်လေး ပက်လက်လန်ပီးပေါ်လာရင်လွှတ်လိုက်ပါ။စာကြောင်းလေးတွေပေါ်လာပါလိမ့်မယ်။အရင်ဆုံး wipe cache partition ကိုနှိပ်ပါ ရွှေ့တဲ့အခါမှာ vol+ vol- တွေဖြင့်ရွှေ့ပါ powerဖြင့် နှိပ်ဝင်ပါ အထဲရောက်သွားရင် yes ကိုရွေးပေးလိုက်ပါ ပီးရင် wipe data factory reset ကိုထပ်နှိပ်ပါ yes ရွေးလိုက်ပါ ခနစောင့်ပါ ပီးရင်တော့ rebootsystem now ကိုရွေးပေးလိုက်ပါ ရပါပီ သင့်ရဲ့ pattern lock ပျက်စီးသွားပါပီ ခင်ဗျာ။
Samsung ဖုန်းတော်တော်များများကို တော့ recovery mode ဝင်ရန် power+home+vol up ၃ခုကိုပြို်င်တူဖိပီး ဝင်ပါ။
စတင်ပီးကြိုးစားနေဆဲမို့ မပြည့်စုံရင် ဖတ်ရတာ အဆင်မပြေရင်ခွင့်လွတ်ပါ ထပ်မံပီးကြိုးစားပါအုံးမယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျ။

Subscribe to:
Comments (Atom)